ရှေးဦး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာသင်တန်း အပတ်စဉ် (၁) ဖွင့်ပွဲ ကျင်းပ

ရန်ကုန် ၁၆ ဇန်နဝါရီ 

 

ရှေးဦး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာ သင်တန်း Diploma in Early Childhood Care and Development (Dip ECCD) သင်တန်း အပတ်စဉ် (၁) ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ 

 

သင်တန်း ဖွင့်ပွဲတွင် ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် (Dip ECCD) သင်တန်း သင်ကြားရေး အဖွဲ့ခေါင်းဆောင် (၁) ပညာရေး စိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နိုင်နိုင်မော်က သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ (Dip ECCD) သင်တန်း သင်ကြားရေး အဖွဲ့ခေါင်းဆောင် (၂) ပညာရေး သဘောတရား ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစုစုသွင်က သင်တန်း စည်းကမ်းနှင့် ပတ်သက်သည့် အကြောင်းအရာ များကိုလည်းကောင်း ရှင်းလင်း ပြောကြားသည်။ 

 

အဆိုပါ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာ သင်တန်း Diploma in Early Childhood Care and Development (Dip ECCD) သင်တန်း အပတ်စဉ် (၁) သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၁၂၃) ဦး တက်ရောက်လျက်ရှိပြီး ဇန်နဝါရီလ ၁၅ ရက်မှ အောက်တိုဘာလအထိ (၁၀)လကြာ ဖွင့်လှစ်သင်ကြား မည်ဖြစ်ကြောင်း သိရသည်။

 

MDN