ရှီကျင့်ဖျင် နှင့် ကင်ဂျုံအန် နျူကလီးယားအရေးဆွေးနွေးပွဲပြုလုပ်

၂၁ ဇွန်

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးသွားရောက်သည့်ခရီးစဉ် ဖြစ်သည်။ ယနေ့သောကြာနေ့တွင် ဆက်လက်ရှိနေပြီး ၎င်းခရီးစဉ်၏ ရည်ရွယ်ချက်မှာ တင်းမာမှုများပြင်းထန်နေခြင်းကို လျော့ကျစေရန် ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံ တို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန် နျူကလီးယားဖျက်သိမ်းရေးဆိုင်ရာကိစ္စရပ်များအပေါ် ဆက်လက်လုပ်ဆောင်သွားရန် ရှီကျင့်ဖျင်က ကင်ဂျုံအန် ကို တိုက်တွန်းပြောကြားခဲ့သည်။

ကင်ဂျုံအန် က အမေရိကန်နိုင်ငံ နှင့် နျူကလီးယားအရေး ဆွေးနွေးပွဲများရပ်တန့်မှုနှင့်ပတ်သက်ပြီး ဆက်ဆံရေးတင်းမာမှုကို ဖြေလျှော့ရန် ကြိုးစားနေကြောင်း ရှီကျင့်ဖျင် ကို ပြောကြားခဲ့သည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ကဆိုသည်။

 

mdn

 

မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းမီဒီယာက  ထိုခေါင်းဆောင်နှစ်ဦး ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး နိုင်ငံတကာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ဟုသာ သတင်းဖော်ပြထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့် ကင်ဂျုံအန် တို့ ဒုတိယထိပ်သီးဆွေးပွဲပြီးနောက် လပေါင်းများစွာကြာသည့်တိုင် ရလဒ်ကောင်းထွက်မလာခဲ့ပေ။

ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရေးတွင် မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်လုံးဝဖျက်သိမ်းရန် အမေရိကန် က လိုလားသည်။

 

mdn

 

ရှီကျင့်ဖျင် သည် နျူကလီးယားဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး မြောက်ကိုရီးယား၏ ကြိုးစားအားထုတ်မှုများကို ထောက်ခံပြီး ချီးကျူးပြောဆိုခဲ့သည်။

ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်  အခြားအဆင့်မြင့်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် နျူကလီးယားဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ဆက်လက်ပြောဆိုဆွေးနွေးသွားဖွယ်ရှိသည်။

ရှီကျင့်ဖျင်သည် ဂျပန်တွင်ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ဘေးစည်းအနေဖြင့် ဒေါ်နယ်ထရန့် နှင့်တွေ့ဆုံမည် ဖြစ်သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn