ရှီမိန်းဒေသခံများအား လုံခြုံရေးအတွက် နေရာရွှေ့ပြောင်းရန် ဒေသခံအာဏာပိုင်များတိုက်တွန်း

ဇူလိုင် ၁၂

ဂျပန်နိုင်ငံအနောက်ပိုင်း ရှီမိန်းစီရင်စုရှိ ဒေသခံများအား ၎င်းတို့လုံခြုံရေးအတွက် ချက်ချင်းနေရာရွှေ့ပြောင်းရန် ဒေသခံအာဏာပိုင်များက တိုက်တွန်းထားသည်။ ယင်းစီရင်စုနယ်တွင် တစ်နာရီအတွင်း ခန့်မှန်းမိုးရေချိန် ၁၀၀ မီလီမီတာခန့် ရွာသွန်းပြီးနောက် ယခုကဲ့သို့ တိုက်တွန်းခြင်းဖြစ်သည်။

အူနန်မြို့တော်မှ တာဝန်ရှိသူများက အိမ်ထောင်စုပေါင်း ၁၃၇၀၂ မှ ပြည်သူပေါင်း ၃၆၈၆၁ အား အဆင့် ၅ ရှိ သဘာဝဘေးအန္တရာယ် အမြင့်ဆုံးသတိပေးချက်တစ်ခုကို  ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ အလားတူပင် လီနင်မြို့နှင့် ရှီမိန်းမြို့တို့တွင်လည်း ကယ်ဆယ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး အိမ်ထောင်စု ၂၀၅၂ မှ ဒေသခံ ၄၆၈၈ ဦးနှင့် သက်ဆိုင်မည်ဖြစ်သည်။

သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ဒေသခံများအား အန္တရာယ်ရှိသောနေရာများမှ ထွက်ခွာရန် တိုက်တွန်း နှိုးဆော်လျက်ရှိသည်။ ဆာမီမြစ်ရေလျှံပြီး နေရာအများအပြားသို့ ဝင်ရောက်နေသည်ဆိုသည့်သတင်းကို အတည်ပြုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်