မတ် ၁၅ ရက် နံနက် ၂ နာရီခွဲက ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲမက်ဒရစ်နှင့် အယ်ချီအသင်းပွဲစဉ်တွင် ရီးရဲမက်ဒရစ်က တိုက်စစ်ခြေစွမ်းပြကာ လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး ဦးဆောင်သူ ဘာစီလိုနာအသင်းကို ထက်ကြပ်မကွာဖိအားပေးနိုင်ခဲ့သည်။ 

အယ်ချီအသင်းသည် ရီးရဲမက်ဒရစ်အသင်းကို ခြေရည်တူ ကစားနိုင်ခဲ့သော်လည်း အသင်းကစား သမားများ၏ အဆုံးသတ်သွင်းယူမှုပိုင်း လိုအပ်ချက်ကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ အယ်ချီအသင်း သည် ယခုရှုံးပွဲကြောင့် ဒီဇင်ဘာ ၂၂ ရက် နောက်ပိုင်း နိုင်ပွဲပျောက်ဆုံးမှုနှင့် ဆက်လက်ကြုံတွေ့ခဲ့ရသည်။

အခြားပွဲစဉ်ရလဒ်များတွင် ဂျီရိုနာက ဘီလ်ဘာအိုကို သုံးဂိုး - ဂိုးမရှိ၊ အက်သလက်တီကိုမက်ဒရစ်က ဂီတာဖေးကို တစ်ဂိုး-ဂိုး မရှိ၊ အိုဗီဒိုက ဗလင်စီယာကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရပြီး အလာ ဗက်စ်နှင့် ဗီလာရီးရဲပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

မိုးဇက်