ရီးယဲလ်မက်ဒရစ်က စတာလင်ရဲ့အခြေအနေကို စောင့်ကြည့်နေပြီးရာသီကုန်တွင် ခေါ်ယူနိုင်ရေး ဆွေးနွေးမှုများပြုလုပ်သွားမည်ဟုဆို

၂၄  စက်တင်ဘာ
စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ တောင်ပံကစားသမား စတာလင်ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကုန်တွင် ခေါ်ယူနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
တောင်ပံကစားသမား စတာလင်ဟာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့လက်ထက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပြီး အခုနှစ် ဘောလုံးရာသီမှာလည်း ပရီမီယာလိဂ်ပြိုင်ပွဲမှာ ငါးဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလအတွင်းကလည်း စတာလင်ကိုခေါ်ယူဖို့ စတာလင်ရဲ့ ကိုယ်စားလှယ်ဖြစ်သူနဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပေါ့ဘာနဲ့ အဲရစ်ဆင်ကိုခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့်အောင်မြင်မှုမရရှိခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းမှာ အားထားရမယ့် တောင်ပံကစားသမား စတာလင်ဘက်ကို ခြေဦးလှည့်လာတာလို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကိုသုံးဂိုးပြတ်ရှုံးခဲ့သလို လာလီဂါမှာလည်း ထင်တိုင်းမပေါက်ဖြစ်နေတာကြောင့် ဒီရလဒ်အတိုင်းသာ ဆက်သွားမယ်ဆိုပါက စတာလင်ကို မျှော်လင့်ထားတဲ့ အချိန်ထက်စောပြီး ခေါ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။
ငွေကြယ်