ရိုမေးနီးယားနိုင်ငံတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားသဖြင့် လူခုနစ်ဦးသေဆုံး

မတ် ၄

 

ရိုမေးနီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လူခုနစ်ဦးသေဆုံးခဲ့သည်။

 

 ရိုမေးနီးယားလေတပ်၏ MiG 21 Lancer တိုက်လေယာဉ်သည် မြေပြင်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့သဖြင့် ရှာဖွေရန် IAR 330 Puma ရဟတ်ယာဉ်ကို ချက်ချင်းစေလွှတ်ခဲ့သည်။

 

အဆိုပါရဟတ်ယာဉ်သည် စတင်ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့သဖြင့် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးလုံးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

 

MiG 21 Lancer တိုက်လေယာဉ်သည် မီဟေး ကိုဂယ်နိုက်ယူလေတပ်စခန်းအနီးတွင် အဆက်အသွယ်ပြတ်တောက်သွားပြီး ပင်လယ်နက်အနီးတွင် တည်ရှိသည်ဟု ထိုဝန်ကြီးဌာနက အစောပိုင်းတွင်ကြေညာခဲ့သည်။

 

ယခုချိန်အထိ ၎င်းတိုက်လေယာဉ်နှင့်လေယာဉ်မှူးတို့နှင့်ပတ်သက်ပြီး သတင်းအချက်အလက်မရရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို