ရိုးရာယဉ်ကျေးမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှု

ရက်ကန်းလုပ်ငန်းသည် ရှေးကျသော လက်မှုအတတ်ပညာတစ်မျိုးဖြစ်ပြီး ရိုးရာယဉ်ကျေးမှုနှင့် ဆက်နွှယ်နေသော လက်မှုအတတ်ပညာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုတို့၌ ရိုးရာရက်ကန်း လက်မှုအတတ်ပညာကိုယ်စီ ပိုင်ဆိုင်ကြပါသည်။ အပေါ်ယံကြည့်ပါက ရက်ကန်းလက်မှုပညာထိန်းသိမ်းရေးသည် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး သက်သက်ဟု ထင်မြင်စရာရှိသော်လည်း ရက်ကန်းလက်မှုအတတ်ပညာ ထိန်းသိမ်းခြင်းသည် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့၏ လူမှုစီးပွားရေး ဘဝကို မြင့်မားစေမည် ဖြစ်ပါသည်။

အဆိုပါ သဘောတရားအပေါ်အခြေခံလျက် ရိုးရာရက်ကန်းလုပ်ငန်းအပေါ် အခြေပြုသော လူမှုစီးပွားရေးဘဝဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ရပ်ကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၅၀ယဝ၀ဝ ဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတို့က ပံ့ပိုးကူညီဖော်ဆောင်လျက်ရှိပါသည်။ ဤစီမံကိန်းကို ပူးတွဲအကောင်အထည်ဖော်လျက်ရှိသော နိုင်ငံတကာအဖွဲ့ အစည်းတို့မှာ m Turquoise Mountain ၏ လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းဖြစ်သည့် Myanmar Artisans နှင့် ဗြိတိသျှအစိုးရ၏ နိုင်ငံ တကာဖွံ့ ဖြိုးတိုးတက်ရေးဌာန(Department for International Development - DFID) တို့ ဖြစ်ပါသည်။

ဤစီမံကိန်းကို အကောင်အထည်ဖော်ရာ၌ ဗြိတိသျှနိုင်ငံတကာဖွံ့ ဖြိုး တိုးတက်ရေးဌာန (DFID) ၏ ဓနပံ့ပိုးမှုအစီအစဉ် (The DaNa Facility) က ပါဝင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၌အခြေစိုက်သည့် ပုဂ္ဂလိက တီထွင်ဖန်တီးမှုကို အားပေးသော ပံ့ပိုးမှုအစီအစဉ် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်၏ ပင်မရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ၌ အစဉ်အလာအားဖြင့် စီးပွားရေးဖွံ့ ဖြိုးမှု၏ အသီးအပွင့်ကို ခံစားခွင့်မရရှိခဲ့သည့် ဆင်းရဲချို့တဲ့သူများနှင့် အမျိုးသမီးများကိုအားပေးကူညီရန် ဖြစ်ပါသည်။ Turquoise Mountain Foundation အား ဗြိတိသျှဝေလမင်းသားက ၂၀ဝ၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရိုးရာလက်မှုအနုပညာတို့ကို ထိန်းသိမ်းခြင်းဖြင့် ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းနှင့် ကိုယ့်ဒေသအပေါ် ဂုဏ်ယူလိုစိတ်တို့ကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။ Turquoise Mountain Foundation သည် မြန်မာနိုင်ငံ၌ အမျိုးသမီးများအပါအဝင် ဆင်းရဲချို့တဲ့ သူတို့၏ လူမှုစီးပွားရေးဘဝကို မြှင့်တင်ပေးရန် Artisans အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။

အထက်၌ ရည်òန်းတင်ပြထားသည့် စီမံကိန်းကို ကနဦးကာလ၌ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ အခြားသော ပြည်နယ်များသို့ပါ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးအလိုက် အမျိုးမျိုးအဖုံဖုံကွဲပြားသော ရိုးရာအထည် အလိပ်ဒီဇိုင်းမျိုးစုံရှိပြီး ဤစီမံကိန်းကိုသာ အောင်အောင်မြင်မြင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါက တိုင်းရင်းသား လူမျိုးစုအလိုက် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့်အတူ သက်ဆိုင်ရာပြည်နယ်တို့၏ လူမှုစီးပွားရေးဘဝ မြှင့်တင်ရေးကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်၍ အဆိုပါ စီမံကိန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း အားလုံးကို ဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

မြန်မာ့အလင်း