ရက် ၁၀၀ အတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထိုးမည်ဟု အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ပြော

၉ ဒီဇင်ဘာ

 

 

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် လာမည့် အစိုးရသစ်၏ ပထမဆုံးရက် ၁၀၀ အတွင်း အမေရိကန် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထိုးပေးရန် ရည်ရွယ်ထားသည်ဟု ပြောသည်။

 

 

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်တာဝန်ယူမည့် ဗိုင်းရပ်စ် တိုက်ဖျက်ရေး ထိပ်တန်း အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည့် သတင်းစာ ရှင်းလင်းပွဲကို ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

 

 

ဘိုင်ဒင်က အစိုးရသစ် ပထမဆုံးရက် ၁၀၀ အတွင်း ဥပဒေအရ အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်းများ ဝတ်ဆင်ရသည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

 

 

အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး သန်း ၁၀၀ ထိုးရန် စီမံထားပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်း စာသင်ကျောင်းအများစု ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ၎င်း၏ သက်တမ်း ပထမ ရက် ၁၀၀ အတွင်း မပြီးဆုံးနိုင်ကြောင်း ရောဂါအခြေအနေကို ပြောင်းလဲပြီး အမေရိကန်ပြည်သူများ၏ ဘဝကို ပိုကောင်းအောင် ပြောင်းလဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်