နေပြည်တော် ၁၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား သန့်ဇင်ဟိန်း၏ ကျန်ရစ်သူ မိသားစုများ နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာ နေအိမ်သို့ သွားရောက် တွေ့ဆုံ နှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေကျပ်(၁)သိန်းအား ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN