ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာ ပြိုင်ပွဲများ ပြုလုပ်

မောင်တော ဒီဇင်ဘာ   ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ခဲ့ရာ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှု အားပေးကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အထက် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ၉ ဦးက “မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့အသံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်း အဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၈ ဦးက “ လွတ်လပ်ရေး အမွေထိန်းစို့လေ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆ ဦးက “ ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေး”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး  အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ  ၉ ဦး က “လွတ်လပ်ရေးနေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃ ဦး က “စိန်ရတုလွတ်လပ်ရေးနေ့မှသည်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)