ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေး

မောင်တော  အောက်တိုဘာ  ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ပထမအကြိမ် တတိယနေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

မောင်တောမြို့နယ် အခြေခံပညာကျောင်းများ၌ စုရပ်(၅၃)နေရာတွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၂) နှစ်အထက်  ကျောင်းသား/သူ (၇၂၉၇)ဦးရှိပြီး ပထမအကြိမ်အဖြစ် အောက်တိုဘာ  ၁၇ ရက်မှ ၁၈ ရက်နေ့အထိ  ကာကွယ်ဆေးထိုးနှံပြီးစီးသူ ကျောင်းသား ကျောင်းသူ  (၂၈၀၅ )ဦး နှင့် အောက်တိုဘာ ၂၂ ရက် တတိယနေ့တွင်  သတ်မှတ်စုရပ် ကျောင်း (၇)နေရာရှိ လျာထားကျောင်းသား ကျောင်းသူ(၈၇၃)ဦးအား  ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)