ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

မောင်တော   စက်တင်ဘာ   ၁၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦး ဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက  ယမန်နေ့ နံနက် ၉ နာရီအချိန်  မြို့အတွင်းသို့ ဝင်ရောက်လာကြသော လမ်းသွားလမ်းလာပြည်သူများအား  နှာခေါင်းစည်း(Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက  ကိုဗစ်-၁၉​ရောဂါကူး စက်ပြန့်ပွားမှုမရှိ​စေ​ရေး၊ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် မြို့ဝင်စစ်ဆေးရေးဂိတ်တွင်  မြို့အတွင်းသို့ ဝင်ရောက်လာသောယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကုန်တင် ယာဉ်ကြီးများနှင့် လိုက်ပါလာသော  ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ပြည်သူများ အနေဖြင့် အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်၍ သွားလာကြရန် ပြောကြားပြီး မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး နှာခေါင်းစည်း Mask  (၁၅၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)