ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျပ်သိန်း ၂၀၀၀ နီးပါးကုန်ကျခံ၍ အောင်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိ

မောင်တော  ဇူလိုင်  ၂၄

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ များပြားလျက်ရှိပြီး အတည်ပြုလူနာ အချို့ကို အောင်ဆီဂျင် ပေးထားရသည့် အခြေအနေများကြောင့် အောင်ဆီဂျင်ပြတ်လတ်မှု မရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ်သိန်း ၂၀၀၀ နီးပါး ကုန်ကျခံ၍ အောင်စီဂျင်စက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အောင်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။  

 

“ကျွန်တော်တို့မြို့နယ်အနေဖြင့် အောင်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီး အလှူငွေများကို လက်ခံဆောင်ရွက်လျက်ရှိရာ မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ငွေကျပ် သိန်း ၂၀၀၀ နီးပါးကုန်ကျခံ၍ အောင်စီဂျင်စက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ အောင်ဆီဂျင်ထုတ်တဲ့စက်နှင့် အောင်ဆီဂျင်အိုးများကို မှာယူထားပြီး ဩဂုတ်လ နောက်ဆုံးပတ်မှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်၊ အောင်ဆီဂျင်စက် ထားရှိရန် နေရာရှိထားပြီး စက်ရုံတစ်ခုလုံး ပြီးစီးဖို့အတွက် ငွေကျပ် သိန်း ၂၀၀၀ နီးပါး ခန့်မှန်းထားပါတယ်။ အလှူရှင်များလည်း လိုအပ်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ အတည်ပြု အောင်ဆီဂျင် ရှူနေရသူများအနေဖြင့် ဓာတ်မှန်ရိုက်ရန် လိုအပ်ပါက အနီးမှာပြုလုပ်နိုင်ဖို့အတွက် ဓာတ်မှန်စက်ကိုလည်း ဝယ်ယူနိုင်ရေး စီစဉ်ဆောက်ရွက်လျက် ရှိပါတယ်။ အောင်ဆီဂျင်စက်ရုံ လည်ပတ်လာပါက ၄၀ လီတာဆံ့ အောင်ဆီဂျင်အိုး ၈၀ မှ  ၁၂၀ ထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပါတယ်” ဟု မောင်တောမြို့နယ် အောင်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဉက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။

 

ယခုအခါ မောင်တောမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ၆၉ ဦးရှိပြီး အတည်ပြုလူနာများအနက် ၉ ဦးမှာ အောင်ဆီဂျင်ရှူထားရကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။     

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)

 

mdn