ရခိုင်ပြည်နယ် မောင်တောမြို့နယ်   စေတီပြင်ကျေးရွာတွင်  နေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား

မောင်တော     ဇူလိုင်  ၁၄

 

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်၌ ဇူလိုင် ၁၃  ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က   ရွှေဇား ကပ္ပကောင်းကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၂)လုံး  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိှမ်းသတ်ယာဉ်(၂)စီးဖြင့် သွားရောက်မီးငြိှမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင်   မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ  ဒေါ်အာနိုဂိုဇာမာလ် ၊ အသက်(၆၅)နှစ်၏ နေအိမ်အတွင်းရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါထရံသို့ မီးကူးစက်လောင်ကျွမ်းပြီး ဘေးကပ်လျက်ရှိ နေအိမ်(၁) လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် အလျား ၁၂ ပေ၊ အနံ ၁၈ ပေ ၊ အမြင့် ၁၀ ပေခန့်ရှိ (ဓနိမိုး ၊ဝါးထရံကာ ၊မြေစိုက်)နေအိမ်(၁)လုံး  နှင့် အလျား ၁၈ ပေ၊ အနံ ၂၄ ပေ ၊ အမြင့် ၁၅ ပေခန့်ရှိ (ဓနိမိုး ၊ဝါးထရံကာ ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး ၊ စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊  မီးလောင်ကျွမ်းမှုကြောင့်  လူ/တိရစာ္ဆန် ထိခိုက် ဒဏ်ရာ ရရှိမှု /မရှိ ၊ သေဆုံးမှုမရှိကြောင်းသိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)