ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  ၂၀၁၈ ခုနှစ် (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

စစ်တွေ ၂၃   မေ 
    

ရခိုင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ မင်းသူရိယ ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်း တက်ရောက် အမှာစကား ပြောကြားပြီး ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များသို့ ထောက်ပံ့ငွေများ ပေးအပ်သည်။
    

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် က မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
    

ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် အစည်းအဝေးဆုံးဖြတ်ချက် ၆ ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၁၅ ရပ် ကို ရှင်းလင်းဖတ်ကြားသည်။
    

ထို့နောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က သားဖွားခန်းပထမ၊ ဒုတိယရရှိကြသည့်မြို့နယ်များအား ပေါင်ချိန်စက်များချီးမြှင့်ပေးအပ်ပြီး ခရိုင်နှင့်မြို့နယ် အဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်သည်။


(သတင်းစဉ်)