ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်တွေ  ၂၂  ဇူလိုင် 


ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲက စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ကျင်းပသည်။


ရှေးဦးစွာ အားကစားသမားများ ကွင်းအတွင်းနေရာယူကာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား အလေးပြုကြသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အားကစားသမားများ အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆို၍ ပြိုင်ပွဲဝင်အသင်းများမှ ပြည်နယ်ဝန်ကြီးအား ချီတက်အလေးပြုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

 

DSC


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲစဉ် ကျောက်ဖြူမြို့နယ်အသင်းနှင့် ဂွမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂွမြို့နယ်အသင်းမှ  ကျောက်ဖြူမြို့နယ်အသင်းကို လေးဂိုး သုံဂိုးဖြင့် အနိုင်ရသည်။


ဖွင့်ပွဲသို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဝင်းမင်းစိုး(ပြန်/ဆက်)

 

2