ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေးတို့ အတွက် မောင်တောမြို့၌ လူထုဆန္ဒဖော်ထုတ်

မောင်တော   ၁၉   မေ 

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေးတို့အတွက် လူထုဆန္ဒဖော်ထုတ်ပွဲကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် မြို့မဘုန်းတော်ကြီးကျောင်းမှ စီတန်းကာစတင်ထွက်ခွာပြီး မင်းဘာကြီးလမ်း၊ နာရီစင်လမ်းဆုံ၊ မဟာဗန္ဓုလလမ်း၊ အလောင်းဘုရားလမ်း၊ မင်းရဲကျော်ဇောလမ်း၊ အောင်ကျော်ဇံလမ်းမှ မင်းဘာကြီးလမ်း တစ်လျှောက် အင်အား ၅၀ ခန့်ဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

သက်လွင်စိုး(ပြန်/ဆက်)