ရခိုင်ပြည်နယ်အတွင်းရှိ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်  ၅၂၅ ကျောင်း အဆင့်တိုးဖွင့်လှစ်ခွင့်ရရှိ

စစ်တွေ ၂၆ မေ     


 
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ရခိုင်ပြည်နယ်အတွင်းရှိ  ခရိုင် ငါးခရိုင်နှင့် မြိုနယ် ၁၇ မြို့နယ်တွင် ၅၂၅ ကျောင်းအဆင့်တိုးဖွင့်လှစ်ခွင့်ရရှိသည်ဟု ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောကြားသည်။

 

အဆိုပါ ကျောင်းအဆင့်တိုးဖွင့်လှစ်ရာတွင် စစ်တွေခရိုင်၌ အထက သုံးကျောင်း၊ အထက(ခွဲ)၂၉ ကျောင်း၊ အလက ၃၁ ကျောင်း၊ အလက(ခွဲ) ၃၉ ကျောင်း၊ မူလွန် ၂၁ ကျောင်း၊ အမက ခုနှစ်ကျောင်း၊ အမက (ခွဲ) ငါး ကျောင်း၊ မြောက်ဦးခရိုင်တွင် အထက ငါး ကျောင်း၊အထက(ခွဲ)၃၂ ကျောင်း၊ အလက ၂၈ ကျောင်း၊ အလက(ခွဲ) ၃၅ ကျောင်း၊ မူလွန် ၁၆ ကျောင်း၊ အမက နှစ်ကျောင်း၊ အမက (ခွဲ) ၁၅ ကျောင်း၊ မောင်တောခရိုင်တွင် အထကတစ်ကျောင်း၊ အထက(ခွဲ) နှစ်ကျောင်း၊အလက သုံးကျောင်း၊ အလက(ခွဲ) ငါးကျောင်း၊ မူလွန် သုံးကျောင်း၊ အမက ၁၀ ကျောင်း အဆင့်တိုးဖွင့်လှစ်သည်။

 

ထို့ပြင် ကျောက်ဖြူခရိုင်တွင် အထက ကိုးကျောင်း၊အထက(ခွဲ)၄၈ ကျောင်း၊ အလက ၄၉ ကျောင်း၊ အလက(ခွဲ) ၄၁ ကျောင်း၊ မူလွန် ၂၀ ကျောင်း၊ အမက ၁၂ ကျောင်း၊ အမက (ခွဲ) ၁၂ ကျောင်း၊ သံတွဲခရိုင်တွင် အထက သုံးကျောင်း၊ အထက(ခွဲ) သုံးကျောင်း၊ အလက ၁၀ ကျောင်း၊ အလက(ခွဲ) ၁၃ ကျောင်း၊ မူလွန် ခုနှစ် ကျောင်း၊ အမက လေးကျောင်း၊ အမက (ခွဲ) နှစ် ကျောင်းတို့ကို အဆင့်တိုးဖွင့်လှစ်ကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)