ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်တွေ  ၁၉  မေ 

 

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို မိုးရာသီမတိုင်မီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ပြည်သူများအတွက်သာ တူညီမျှခံစားရရှိရေးမူနှင့် ပြုပြင်ပြောင်းလဲမှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သာတူညီမျှ ခံစားရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များသော နေရာများကိုဦးစားပေး ဆောင်ရွက် နေကြောင်း၊ ရခိုင်ပြည်နယ်သည်လိုအပ်ချက်များသည့် အတွက်ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စဆောင်ရွက်ရာတွင် တရားဥပ ဒေစိုးမိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ် အတွက် အလေးထားသည့်အချက် (၂) ချက်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများနှင့်ပြည်သူများက ဝိုင်းဝန်းဆောင်ရွက်နေကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တွင်း လူသား ချင်းစာနာမှုအကူ အညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၊ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ရှင်များနှင့် ပြည်သူများ အားလုံးက ရခိုင်ပြည်နယ်အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။

 

 မိမိတို့ဝန်ကြီးဌာနသည် ဘေးဒုက္ခရောက်နေသော ပြည်သူများအတွက် လိုအပ်ချက် များကို စီမံဆောင်ရွက်ရန် တာဝန်ယူရသည့် အစိုးရဌာနဖြစ်ပါကြောင်း၊ ထို့ကြောင် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်မိမိတို့နေအိမ်များကို စွန့်ခွာတိမ်းရှောင်နေရသော ပြည်သူများ၏ဒုက္ခများကိုဖြည့်ဆည်းပေးရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် (၄) ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ပထမ (၃)ကြိမ်တွင် ဘေးဒဏ်ခံစားနေရသောပြည်သူများ လတ်တလောစားဝတ်နေရေး အဆင် ပြေစေရန် ဆန်ရိက္ခာ၊ အဝတ်အထည်အိမ်ထောင်စုသုံး ပစ္စည်းများထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း၊ ထို့အပြင် မိမိကိုယ်တိုင်မပါသော်လည်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီမှတဆင့် (၂) ကြိမ်ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၉၂၇၉)ကျော်ရှိပြီဖြစ်ကြောင်း၊ ယခုတကြိမ်ရောက်ရှိခြင်းသည် တိုက်ပွဲ ရှောင်ပြည်သူ များအတွက် မိုးမကျမီယာယီနေရာချထားပေးနိုင်ရေးကိစ္စဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တွင်ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ တရားဥပ ဒေစိုးမိုးရေးကို ဆောင်ရွက်နေသကဲ့သို့လတ်တလော ရခိုင်ပြည်သူ များ၏ ဘေးဒုက္ခများကို အမြန်ဆုံးမိုးမကျမီအချိန်မီ ဒုက္ခများက ကင်းဝင်းစေရေး ယာယီနေရာ ချထားရေးကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ရာသက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်သူများကပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက နေရပ်စွန့်ခွာပြည်သူများအတွက် လိုအပ်ချက်များကို ပြည့်စုံအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးရာသီမတိုင်မီယာယီနေ ထိုင်နိုင်ရေးအတွက် အဓိကဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူ တာဝန်ခံ၍ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ညွန်ကြားရေးမှူးက တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံမှု အခြေအနေနှင့် ပတ်သက်၍ တင်ပြဆွေနွေးပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိူင်းဆွေးနွေး ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖြည့်စွက် ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ နှင့်အတူ စစ်တွေမြို့အမျိုးသားကျောင်းတိုက်ရှိ ဆရာတော်အားဖူးမြော်ကြည်ညှိပြီး ရသေ့တောင်ဘူသီးတောင်မြို့နယ်များမှ တိုက်ပွဲရှောင် ပြည်သူများနှင့်တွေ့ဆုံကာ အားပေး စကားပြောကြားခဲ့သည်။ 

 

(သတင်းစဉ်)