ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍  နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိတစ်ဦးနှင့် အမေးအဖြေကဏ္ဍ

မေး။    ရခိုင်ပြည်နယ်မှ        နေရပ်စွန့်ခွာသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြတာ ရှိပါတယ်။ ဒါကြောင့် အဲဒီအချိန်က ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ဦးစွာ ပြန်လည်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ရခိုင်ပြည်နယ်မှ         နေရပ်စွန့်ခွာသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွား တဲ့ဖြစ်စဉ်ကို  အထူးသဖြင့်  ပြည်ပမီဒီယာတွေက ၂၀၁၇ ခုနှစ်ကတည်းက အမျိုးမျိုးဖော်ပြပြောဆိုနေ ခဲ့ကြတာပါ။ တကယ်တော့ အဲဒီလိုပြောခဲ့တာတွေ ဟာ အမှန်တကယ် မြေပြင်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တစ်ဖက်သတ် လိုရာဆွဲ ပုံဖော်ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ 
ထိုစဉ်က ဖြစ်ပေါ်ခဲ့တဲ့ ပကတိအခြေအနေမှန် ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတို့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာရှိတဲ့ ရဲကင်းစခန်းတွေနဲ့ တပ်စခန်းကို အစွန်း ရောက်ဘင်္ဂါလီတွေနဲ့ အာဆာအကြမ်းဖက်အဖွဲ့ဝင် တွေက ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေ   မအောင်မြင်တော့မှ   ဒေသခံ ရွာသားတွေကို   ခြိမ်းခြောက်ပြီး  သူတို့ရွာတွေကို စွန့်ခွာထွက်ပြေးအောင်    စနစ်တကျ   လှုံ့ဆော် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်း က   ၂ဝ၁၆ ခုနှစ်  အောက်တိုဘာလ ၉ ရက်မှာ မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ဌာနချုပ် (ကျီးကန်းပြင်)ကို အကြမ်း ဖက်အင်အား  ၉၀၊      ငါးခူရနယ်မြေရဲစခန်းကို အကြမ်းဖက်အင်အား  ၃၀၀၊  ရသေ့တောင်မြို့နယ် ကိုးတန်ကောက်   နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်အင်အား   ၂ဝ  လောက်နဲ့   သေနတ်၊ ဓား၊ လှံ၊ ဂျင်ဂလိ စတဲ့ လက်နက်တွေ အသုံးပြုကာ ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ အဆိုပါဖြစ်စဉ်တွေအတွင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်း တွေ အများအပြားလည်း ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီးမှာ ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့   တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့     အကြမ်းဖက်မှုချေမှုန်းရေး ဆောင်ရွက်ရာမှာ အစွန်းရောက်ဘင်္ဂါလီတွေဟာ အင်အား ၃၀၀ ခန့်မှ    ၈၀၀  ခန့်အထိ     စုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြတဲ့အတွက်     လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးခဲ့ရတဲ့  ဖြစ်စဉ်အချို့ လည်း ရှိခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှု တွေကို   ထိုစဉ်က   ဟာရာကာ အယ်လ်ယာကင် (Harakah al-Yin)  အမည်နဲ့    လှုပ်ရှားခဲ့ပြီး နောက်ပိုင်း အာဆာ (ARSA)လို့ အမည်ပြောင်းခဲ့တဲ့ အကြမ်းဖက်အဖွဲ့က ဦးစီးပြီး ဆောင်ရွက်ခဲ့တာလို့ အာဆာအကြမ်းဖက်အဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့ကို ခေါင်းဆောင်ခဲ့သူက    ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဘင်္ဂါလီနွယ်ဖွား အာတာအူလာဆိုသူ ဖြစ်ပါတယ်။
ပထမအကြိမ်မှာ အသင့်အတင့် အောင်မြင်မှု ရလာတော့    ARSA  အကြမ်းဖက်သမားတွေ အားတက်လာပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုအနေနဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာရှိတဲ့ ရဲကင်းနဲ့ ရဲစခန်း ၃၀ အပြင် နယ်မြေခံတပ်စခန်းတစ်ခုကိုပါ စည်းရုံး လေ့ကျင့်ထားတဲ့ ရွာသားတွေအပါအဝင် အင်အား ထောင်ပေါင်းများစွာနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြန်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ  တပ်မတော် သား နှစ်ဦး၊  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ လူဝင်မှုကြီးကြပ်‌ရေးဝန်ထမ်း တစ်ဦး ကျဆုံးခဲ့ရပါ တယ်။ အာဆာအကြမ်းဖက်အဖွဲ့ဝင်များဟာ ရဲစခန်း တွေနဲ့  တပ်စခန်းကိုသာမက ‌ကျေးရွာတွေကိုလည်း တိုက်ခိုက်/မီးရှို့မှုတွေ    ပြုလုပ်ခဲ့ပါတယ်။  အာဆာ အကြမ်းဖက်အဖွဲ့ဝင်တွေက ၎င်းတို့ ဇာတ်တိုက်ထား တဲ့အတိုင်း ကိုယ့်ရွာကို ကိုယ်တိုင်မီးရှို့တာ၊ ဒေသခံ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူမိသားစုဝင်တွေရဲ့ နေအိမ် တွေကို မီးရှို့တိုက်ခိုက်တာ၊ အကြမ်းဖက်သတ်ဖြတ် တာတွေ လုပ်ခဲ့ပါတယ်။   အဲဒီလို   အကြမ်းဖက် တိုက်ခိုက်မှုတွေအနက်    ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်  ၁၀၀ ခန့်ကို အာဆာအကြမ်းဖက်ဝင် တွေက အုပ်စုလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အရွယ်ကောင်း   ဟိန္ဒူအမျိုးသမီး  ရှစ်ဦးကိုတော့ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းပြီး တစ်ဖက်နိုင်ငံ ကို     ခေါ်ဆောင်သွားခဲ့ပါတယ်။   တခြားဟိန္ဒူ ဘာသာဝင် သုံးရာကျော်ကိုလည်း ခြိမ်းခြောက်ပြီး ခေါ်သွားပါသေးတယ်။ ဒီဖြစ်စဉ်ကို ထိခိုက်နစ်နာသူ ဟိန္ဒူဘာသာဝင်တွေက  သတင်းပေးခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ရဲ‌‌ဘောက်ကျကျေးရွာ  အနီး တစ်ဝိုက်ရှာဖွေခဲ့ရာမှာ ဟိန္ဒူဘာသာဝင် အလောင်း ၄၅ လောင်းကို  ပြန်လည်တူးဖော်နိုင်ခဲ့တဲ့ ဖြစ်စဉ် လည်းရှိပါတယ်။
အာဆာအကြမ်းဖက်အဖွဲ့အနေနဲ့   ဒီလိုမျိုး အကြမ်းဖက်သတ်ဖြတ်မှုတွေ ပြုလုပ်တာ၊ အခြား ဘင်္ဂါလီတွေကို   စည်းရုံး/ခြိမ်းခြောက်ဖိအားပေး တာတွေ    ပြုလုပ်ခဲ့တာကြောင့်    ဘင်္ဂါလီတွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာ ခဲ့ရာမှ နေရပ်စွန့်ခွာသူတွေအရေး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့  အာဆာအကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊     ဖိအားပေးမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ နေအိမ်တွေကို ကိုယ်တိုင်မီးရှို့မှုတွေ   ပြုလုပ်ခဲ့တဲ့ မြေပြင်အခြေ အနေမှန်ကို ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ၎င်းတို့ တစ်ဖက်သတ်လိုရာဆွဲ၍ မြန်မာ ဘက်ရဲ့ ဆောင်ရွက်မှုကြောင့် နေရပ်စွန့်ခွာသွားကြ တဲ့ပုံမျိုး ရေးသားဖော်ပြနေကြသလို နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးနိုင်ဖို့အတွက်လည်း မြေပြင် မှာ ဖြစ်ပေါ်ခဲ့ခြင်းမရှိတဲ့ ကိစ္စရပ်တွေကို ပုံကြီးချဲ့တာ၊ ဘာသာရေး၊  လူမျိုးရေးပဋိပက္ခအသွင်  ပုံဖော်တာ စသဖြင့် အမျိုးမျိုးပြောကြားနေကြပါတယ်။
တစ်ဖက်မှာတော့ အာဆာအကြမ်းဖက်အဖွဲ့ဝင် တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရခိုင်ပြည် နယ်ရှိ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူတွေ ထိခိုက်ခံစားခဲ့ ရတာတွေကို လုံးဝလျစ်လျူရှုနေကြပြီး ဘယ်ပြည်ပ မီဒီယာကမျှ   အလေးထားဖော်ပြခဲ့ခြင်းမရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 

မေး။    နေရပ်စွန့်ခွာသူတွေကို    ပြန်လည်လက်ခံ ရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေ ကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။    ၂၀၁၆ ခုနှစ်နဲ့   ၂၀၁၇ ခုနှစ်    ဖြစ်စဉ်နှစ်ခု နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိပါတယ်။
နှစ်နိုင်ငံ    ညှိနှိုင်းဆောင်ရွက်မှုတွေအနက် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ နေရပ် စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဆိုင်ရာ သဘော တူညီချက် (၃) ရပ်ကို ဦးစွာပြောကြားလိုပါတယ်။ နှစ်နိုင်ငံအကြား ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် (Arrangement on Return of Displaced Persons from Rakhine State)” သဘောတူညီချက်ကို    ၂၃-၁၁-၂၀၁၇  ရက်မှာ နေပြည်တော်၌ နှစ်နိုင်ငံ ဝန်ကြီးအဆင့်က လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ သဘောတူညီ ချက်ဖြစ်တဲ့ “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အား ပြန်လည်လက်ခံ‌ရေးအတွက် ဖွဲ့စည်းထားသော မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့အတွက် လုပ်ငန်းလမ်းညွှန် (Terms of Reference (TOR) for the Joint Working Group on the Repatriation of   Displaced  Myanmar  Residents  from Bangladesh)”ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်က   ၁၉-၁၂-၂၀၁၇ ရက်မှာ ဒါကာမြို့မှာ တတိယ သဘောတူညီချက်ဖြစ် တဲ့    “ရခိုင်ပြည်နယ်မှ  နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ       လက်တွေ့ ဆောင်ရွက်မည့်  လုပ်ငန်းအစီအစဉ်   (Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of Displaced Persons from Rakhine State)” ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန        အမြဲတမ်းအတွင်းဝန် အဆင့်က ၁၆-၁-၂၀၁၈ ရက်မှာ နေပြည်တော်မှာ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဆိုပါနှစ်နိုင်ငံသဘောတူညီချက်တွေကိုပဲ အခြေခံပြီး ပြန်လည်လက်ခံရေး လုပ်ငန်းကို    ဆောင်ရွက်သွားမှာ   ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံသဘောတူညီချက်တွေအရ ပြန်လည် လက်ခံရေး ဆောင်ရွက်ရာမှာလည်း ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွေအပြီးမှာ နေရပ်စွန့်ခွာသွား သူတွေကိုသာ   စိစစ်ပြီး ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း    နိုင်ငံတော်ရဲ့   အကျိုးစီးပွားကို မထိခိုက်ပါက နှစ်နိုင်ငံ သဘောတူညီချက်တွေကို ဆက်လက် ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ၈-၂-၂၀၂၁ ရက်က ပြောကြားထားပြီးဖြစ်ပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်တွေမှာ ပါဝင်တဲ့ အချက်တွေအနက်       သိရှိထားသင့်တဲ့အချက် တစ်ချက်ကတော့ နေရပ်စွန့်ခွာသူတွေကို သတ်မှတ် ထားတဲ့ ပြန်လည်လက်ခံရေးမူ (၅) ချက်နှင့်အညီ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားမှာဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီလက်ခံရေးမူ (၅) ချက်ဟာ မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၁၉၉၂ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အတွက် သတ်မှတ်ခဲ့တဲ့ စံသတ်မှတ်ချက် (၄)ချက်ကို အချက် (၁) ချက် ထပ်မံတိုးထားတာ ဖြစ်ပါတယ်။ ယခင်စံသတ်မှတ်ချက် (၄) ချက်ကတော့ “(၁) မြန်မာ နိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊   (၂) မိမိဆန္ဒအရ ပြန်လာတဲ့သူဖြစ်ရမယ်၊   (၃)   ကွဲကွာနေသော မိသားစုဝင်တွေအတွက်    ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးရဲ့   မှန်ကန်ကြောင်း   ထောက်ခံချက်ပါရှိရ မယ်၊ (၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကလေး တွေဖြစ်ပါက  မိဘနှစ်ပါးလုံးဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေဖြစ်ရမယ်” ဆိုတဲ့အချက်တွေဖြစ်ပြီး ထပ်တိုးထားတဲ့အချက်ကတော့ “နေရပ်စွန့်ခွာသူ တွေက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိပြီး မွေးဖွား တဲ့ ကလေးတွေအတွက်      မှန်ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးရဲ့ ထောက်ခံချက်ပါ ရှိရမယ်” ဆိုတာဖြစ်ပါတယ်။
မြန်မာဘက်အနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက် တွေနဲ့အညီ နေရပ်စွန့်ခွာသူတွေကို ပြန်လည်စိစစ် နေတာကိုလည်း       ရပ်တန့်ခြင်းမရှိဘဲ   အဆိုပါ လက်ခံရေးမူ (၅) ချက်နှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိတာကိုလည်း   အသိပေးလိုပါ တယ်။
ဆက်လက်ပြီး နှစ်နိုင်ငံသဘောတူညီချက်တွေ အရ   မြန်မာနိုင်ငံနဲ့   ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကျင်းပပြုလုပ်နေတဲ့ အစည်းအဝေးတွေနဲ့ ပတ်သက် ပြီး  ပြောကြားလိုပါတယ်။  နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော် ရေးအတွက်   အဓိက  ဆွေးနွေးဆောင်ရွက်နေတဲ့ ယန္တရားကတော့  “နေရပ်စွန့်ခွာသူများ  ပြန်လည် လက်ခံရေးဆိုင်ရာ  နှစ်နိုင်ငံ  ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group on the Repatriation of Displaced    Myanmar   Residents   from Bangladesh)” အစည်းအဝေးဖြစ်ပါတယ်။ အဆိုပါ နှစ်နိုင်ငံ  ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွေကို ၂၀၁၈  ခုနှစ်အတွင်း    ဇန်နဝါရီလ၊    မေလနဲ့ အောက်တိုဘာလတို့နဲ့ ၂၀၁၉ ခုနှစ် မေလတို့မှာ အစည်းအဝေး (၄) ကြိမ် ကျင်းပခဲ့ပါတယ်။
အဲဒီနောက်  ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် အစည်းအဝေးတွေ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ  သုံးနှစ် ကျော်အကြာ ၁၄-၆-၂၀၂၂ ရက်မှာ နေရပ်စွန့်ခွာသူ များ    ပြန်လည်လက်ခံရေးဆိုင်ရာ    မြန်မာ-ဘင်္ဂလားဒေ့ရှ်    ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့   ပဉ္စမအကြိမ် အစည်းအဝေးကို နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်အရ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာမာစွတ် ဘင်မိုမမ်တို့က ပူးတွဲသဘာပတိ အဖြစ်   ဆောင်ရွက်ခဲ့ကြပြီး  နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။  

အဲဒီအစည်းအဝေးမှာ နေရပ်စွန့်ခွာသူတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု မှာ ကြုံတွေ့ရတဲ့  အခက်အခဲတွေ ဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး လုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းတွေ၊ ပြန်လည်ဝင်ရောက် လာသူတွေအတွက်    မြန်မာဘက်က   ပြင်ဆင် ဆောင်ရွက်နေတဲ့     ပြန်လည်နေရာချထားရေး အစီအမံတွေ စတဲ့ကိစ္စရပ်တွေကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး နေရပ်စွန့်ခွာသူ များ   ပြန်လည်လက်ခံရေးနဲ့   ပြန်လည်စိစစ်ရေး လုပ်ငန်းများအတွက် နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်၊  ရှေ့ပြေး  စမ်းသပ်စီမံကိန်း တစ်ရပ်ဖြင့်       ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်ဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ် တရားရုံးထောက်ခံချက်    လိုအပ်သူတွေအတွက် တရားရုံးထောက်ခံချက်တွေ ထုတ်ပေးသွားရန် စတာ တွေကို နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေကို စိစစ် ဆောင်ရွက်ရာမှာ  ကြုံတွေ့ရတဲ့  စိန်ခေါ်မှုတွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်း အဖြေရှာသွား နိုင်ဖို့အတွက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ် ဆိုင်ရာ   အထူးအဖွဲ့   (Ad Hoc Task force for Verification of the Displaced Persons from Rakhine State)” တွေကိုလည်း ၂၀၂၁ ခုနှစ် နှစ်ကုန် ပိုင်းက  နှစ်ဖက်ဖွဲ့စည်းခဲ့ကြကာ  အထူးအဖွဲ့တွေ အကြား ပထမအကြိမ်  အစည်းအဝေးကို  ၂၇-၁-၂၀၂၂ ရက်နဲ့   ဒုတိယအကြိမ်   အစည်းအဝေးကို ၁၆-၉-၂၀၂၂   ရက်မှာ   ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် နှစ်ကြိမ်တိုင် ကျင်းပထားပြီးဖြစ်ပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေ နဲ့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီ ချက်တွေနဲ့အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ တွေကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့  အစဉ်တစိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက် နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

မေး။    နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ အတွက် လုပ်ဆောင်ရာမှာ တိုးတက်မှုမရှိ ဘူးလို့ ပြောဆိုဝေဖန်နေတာတွေ ရှိပါတယ်။ အဲဒီ ကိစ္စအပေါ်လည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းပြီး နောက်  နေရပ်စွန့်ခွာသူများ   ပြန်လည် လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် ၁၅-၁၁-၂၀၁၈ ရက်နဲ့ ၂၂-၈-၂၀၁၉ ရက်တို့မှာ နှစ်ကြိမ် ကြိုးပမ်း ခဲ့တာရှိပါတယ်။ နှစ်ကြိမ်လုံးမှာ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံ  သဘောတူညီချက်တွေနဲ့အညီ  စိစစ်ပြီး နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ နယ်စပ် မှာ အဆင်သင့် ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီအချိန်က လက်ခံဖို့လျာထားခဲ့တဲ့ စိစစ်ပြီး နေရပ်စွန့်ခွာသူ အရေအတွက်ကတော့ ပထမအကြိမ်အတွက် ၂၂၆၀ နဲ့ ဒုတိယအကြိမ်အတွက် ၃၄၅၀ ဖြစ်ပါတယ်။
အဲဒီတုန်းက စိစစ်ပြီးနေရပ်စွန့်ခွာသူတွေကို လက်ခံဖို့အတွက် မြန်မာဘက်က တာဝန်ရှိသူတွေ သာမက           အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု   အကူအညီပေးအပ်ရေး  အာဆီယံ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre)နဲ့   အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာမှုအဖွဲ့ (ASEAN-ERAT)  တို့မှ     ကိုယ်စားလှယ်တွေပါ နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ    သွားရောက်ပြီး   အတူ စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း နေရပ်စွန့်ခွာသူတွေနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းတွေမှာရှိတဲ့ အဖျက် အမှောင့်လုပ်ဆောင်သူတွေနဲ့ အကြမ်းဖက်အဖွဲ့ဝင် တွေက နေရပ်စွန့်ခွာသူတွေကို ခြိမ်းခြောက်မှုတွေနဲ့ အခြားသော ဖိအားတွေကြောင့် အဲဒီကြိုးပမ်းမှုတွေ ဟာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ မြန်မာဘက် အနေနဲ့ ပြန်လည်လက်ခံဖို့ကို ယနေ့အထိ အဆင်သင့် ပြင်ဆင် စောင့်ဆိုင်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က   နှစ်နိုင်ငံသဘောတူညီထားတဲ့   တစ်ဦး တစ်ယောက်ကိုမျှ ပို့ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မစတင် နိုင်ခဲ့တဲ့အပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာဘက်က ကြန့်ကြာအောင် လုပ်နေတယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကိုလည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေကနေ ထုတ်ပြန်တာကိုလည်း တွေ့ရပါတယ်။

မေး။    နေရပ်စွန့်ခွာသူများကို   ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက်    နှစ်နိုင်ငံ အကြား ရှေ့ဆက်ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိရင်လည်း သိရှိလိုပါတယ်။

ဖြေ။    နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး
    လုပ်ငန်းစတင်ဖို့အတွက် နှစ်ကြိမ်တိုင် ပျက်ပြားခဲ့ပေမယ့်လည်း စိစစ်ပြီးတဲ့နေရပ်စွန့်ခွာသူတွေကို   ပြန်လည်လက်ခံဖို့အတွက်  နှစ်နိုင်ငံ သဘောတူညီချက်တွေအရ  မြန်မာဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါတယ်။   အဲဒီလို   ဆောင်ရွက်နေရာမှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်အနေနဲ့       လူ တစ်ထောင်ကျော်ကို စတင်ပြီးပြန်လည်လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင် ဆောင်ရွက်နေတာရှိပါတယ်။
ဒီလို ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက် ရာမှာလည်း နေရပ်စွန့်ခွာသူ မိသားစုတွေမှာ ကလေး မွေးဖွားတာတွေရှိတဲ့အတွက် နှစ်နိုင်ငံသဘောတူညီ ထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတာ မှန်ကန်ကြောင်း သက်ဆိုင်ရာတရားရုံးထောက်ခံချက်ရရှိအောင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ပြီးဖြစ်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးထောက်ခံချက် အပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားသူဟုတ်၊ မဟုတ်ကိုပါ စိစစ်ပြီးမှ ပြန်လည် လက်ခံသွားဖို့ကို   ဆောင်ရွက်သွားမှာ  ဖြစ်ပါတယ်။ ဒါ့အပြင်   ပြန်လာလိုသူတွေက  မိသားစုစုံလင်စွာ ပြန်လာလိုတာကြောင့် မိသားစုဝင်တွေကိုပါ စိစစ်ရာ မှာ ထည့်သွင်းပြီး စိစစ်လျက်ရှိပါတယ်။
ဒီတစ်ခါ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်နေတာမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊   ကာကွယ်၊  ကုသရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်း တွေကိုပါ    လိုက်နာဆောင်ရွက်နိုင်ဖို့   ထည့်သွင်း ဆောင်ရွက်နေပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက်  သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့လည်း လမ်းညွှန်ချက်တွေနဲ့ အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။

မေး။    နေရပ်စွန့်ခွာသူတွေကို   ပြန်လည်လက်ခံ ရေးအတွက်   ဆောင်ရွက်နေမှုတွေမှာ ကြုံတွေ့ရတဲ့    အဓိကစိန်ခေါ်မှုတွေ၊   ဖြေရှင်း ဆောင်ရွက်နေမှုတွေကိုလည်း ပြောပြပေးစေလိုပါ တယ်။

ဖြေ။    မြန်မာဘက်အတွက်       အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ ရခိုင်ပြည်နယ်က နေရပ် စွန့်ခွာသူတွေကို  စိစစ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဖြည့်စွက်ပြီး ပေးပို့လာတဲ့ စိစစ်ရေးပုံစံတွေမှာ     ဖြည့်သွင်းဖော်ပြထားတဲ့ အမည်၊     နေရပ်လိပ်စာ   အချက်အလက်တွေ၊ မိသားစုဝင် အရေအတွက်တွေဟာ မြန်မာဘက်က တာဝန်ရှိသူတွေ  နှစ်စဉ်  မြေပြင်မှာကွင်းဆင်းပြီး စာရင်းပြုစုထားတဲ့       အိမ်ထောင်စုစာရင်းပါ အိမ်ထောင်စုဝင်တွေ၊ အမည်၊ နေရပ်လိပ်စာတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စိစစ်ရာမှာ အချိန်ယူ စိစစ်နေရတာပဲဖြစ်ပါတယ်။ 
ဒါ့အပြင် စိစစ်ရေးပုံစံတွေမှာ အမည်၊ ရွာအမည် တွေကို  ဖြည့်သွင်းစဉ်က  နေရပ်စွန့်ခွာသူတွေက ပြောကြားတဲ့အသံထွက်အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက် က  ဖြည့်စွက်ရေးသားထားတဲ့အတွက် အဲဒီစာလုံး ပေါင်းတွေဟာ မြန်မာဘက်က အိမ်ထောင်စုစာရင်း မှာ ဖြည့်သွင်းထားတဲ့ စာလုံးပေါင်းတွေမဟုတ်တဲ့ အတွက်  နေထိုင်ခဲ့မှုမှတ်တမ်းကို  ရှာဖွေတွေ့ရှိမှု မရှိတဲ့ဖြစ်စဉ်တွေလည်း  ရှိပါတယ်။ အချို့ကလည်း အိမ်ထောင်စုစာရင်းအရ   မှတ်တမ်းရှိတဲ့  နေရပ် လိပ်စာကို    ဖော်ပြခြင်းမရှိဘဲ   ၎င်းတို့ဘာသာ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့      နေရပ်လိပ်စာတွေကို ဖြည့်သွင်းထားတဲ့အတွက်   စာရင်းမကိုက်ညီဘဲ စိစစ်လို့မရတာလည်းရှိပါတယ်။  တချို့သူတွေက လည်း ဟိုဘက်ရောက်မှ အိမ်ထောင်ကျသွားတာ၊ အိမ်ထောင်စုကွဲပြားသွားတာမျိုးတွေလည်းရှိတော့ စိစစ်ရာမှာ အခက်အခဲတွေ့ရတာတွေလည်း  ရှိပါ တယ်။
မြန်မာနိုင်ငံအနေနဲ့ အထက်က ပြောကြားခဲ့တဲ့ လက်ခံရေးမူ (၅) ချက်နဲ့  ကိုက်ညီမှုရှိသူတွေကိုသာ ပြန်လည်လက်ခံမှာဖြစ်တဲ့အတွက် စိစစ်ရေးပုံစံတွေ မှာ ဖြည့်သွင်းထားတဲ့ အချက်အလက်တွေ ပြည့်စုံ၊ မှန်ကန်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။
ဒီလိုစိစစ်ရေးဆိုင်ရာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေကို နားမလည်တဲ့အတွက် ဝေဖန်မှုတွေရှိပေမယ့် လည်း မြန်မာဘက်အနေနဲ့ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူး အဖွဲ့   အစည်းအဝေးများ   ဆက်လက်ကျင်းပကာ ညှိနှိုင်းအဖြေရှာသွားဖို့ရှိပါတယ်။
နောက်စိန်ခေါ်မှုတစ်ရပ်ကတော့   ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်နိုင်ခြင်း မရှိလို့ဆိုပြီး မြန်မာဘက်ကို ဝေဖန်ပြစ်တင်ပြောကြား နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါဟာဆိုရင်လည်း မြန်မာ ဘက်က ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ နှစ်ကြိမ် တိုင်တိုင် ကြိုးပမ်းဆောင်ရွက်ခဲ့တာနဲ့ အဲဒီနှစ်ကြိမ် မှာ နေရပ်စွန့်ခွာသူတွေ ပြန်မလာကြတဲ့ အကြောင်း ရင်းမှန်တွေကို   လျစ်လျူရှုပြီး  ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ယခင်အတွေ့အကြုံတွေအရ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်အပေါ်   အဟန့်အတားဖြစ်စေတဲ့ အဓိက   အကြောင်းအရာတွေကတော့   အာဆာ (ARSA) အကြမ်းဖက်သမားတွေက ကော့စ်ဘဇားရှိ စခန်းတွေအတွင်းမှာ နေရပ်စွန့်ခွာသူတွေနဲ့ရောနှော နေထိုင်နေပြီး  နေရပ်သို့မပြန်ဖို့နဲ့  ၎င်းတို့မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက အသတ်ခံရမယ် ဆိုပြီး    ခြိမ်းခြောက်မှုတွေရှိနေတာဟာ  အဓိက အကြောင်းရင်းဖြစ်တယ်လို့ သိရှိရပါတယ်။ အာဆာ အကြမ်းဖက်သမားတွေအပြင် နေရပ်စွန့်ခွာသူများ အရေး    လှုပ်ရှားတက်ကြွသူတွေဟာ   ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ် စတင်မှာကို မလိုလားဘဲ ၎င်းတို့ရဲ့   နိုင်ငံရေးလိုလားချက်တွေ    ပြည့်မီဖို့ အတွက်    နေရပ်စွန့်ခွာသူတွေကို   နေရပ်ပြန်ရေး ငြင်းဆိုကြဖို့အတွက် စည်းရုံးဆောင်ရွက်နေကြတာ လည်းရှိပါတယ်။ အဲဒီလို နေရပ်မပြန်ဖို့ ခြိမ်းခြောက် မှုတွေ၊ စည်းရုံးမှုတွေရှိနေသရွေ့  မြန်မာဘက်က အကောင်းဆုံး ဘယ်လိုပဲ ပြင်ဆင်ဆောင်ရွက်ထား စေကာမူ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်နိုင် ဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ 
မြန်မာဘက်အနေနဲ့ကတော့ နေရပ်စွန့်ခွာသူ တွေ    ပြန်လည်လက်ခံဖို့  ပထမအကြိမ်   စတင် ကြိုးပမ်းဆောင်ရွက်ခဲ့ချိန်ကစပြီး ယနေ့အချိန်အထိ ပြန်လည်လက်ခံရေးအတွက် အဆင်သင့် ပြင်ဆင် ထားရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကသာ နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ပြန်လည်ပို့ဆောင် ပေးနိုင်မယ်ဆိုရင် ပြန်လည်လက်ခံရေးလုပ်ငန်းကို လက်တွေ့စတင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ 
ဒါကြောင့်    နေရပ်စွန့်ခွာသူတွေ    ပြန်လည် လက်ခံရေးလုပ်ငန်း   စတင်နိုင်ဖို့အတွက်  မြန်မာ ဘက်မှာသာ   လုံးလုံးတာဝန်ရှိနေတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း  နှစ်ဖက်လုံးရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို နားလည်သိရှိပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။

မေး။     အခြားဖြည့်စွက် ပြောကြားလိုတာများရှိရင် လည်း သိရှိလိုပါတယ်။

ဖြေ။    မြန်မာနိုင်ငံမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   နိုင်ငံတော်ရဲ့  တာဝန်ယူပြီး နောက်ပိုင်းမှာလည်း နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေးကိစ္စကို နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင် ပြည်နယ်မှ    နေရပ်စွန့်ခွာသူတွေကို   စိစစ်နေတဲ့ လုပ်ငန်းစဉ်ကို  ရပ်တန့်ခဲ့ခြင်းမရှိသလို  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်း အဝေးအပြင် နည်းပညာဆိုင်ရာ ဆွေးနွေးမှုယန္တရား အသစ်တွေကိုပါ တိုးချဲ့၍ ညှိနှိုင်းအစည်းအဝေး တွေကို   နှစ်နိုင်ငံအစိုးရ   တာဝန်ရှိသူအဆင့်ဆင့် အကြား ဆက်လက် ဆွေးနွေးဆောင်ရွက်နေပါတယ်။
ဒါ့အပြင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိတဲ့ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်နဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ချိန်မှာ အဆင်သင့်ဖြစ်နေ ဖို့အတွက်လည်း ပြန်လည်လက်ခံရေးစခန်းတွေနဲ့ ကြားစခန်းတွေကို          ပြန်လည်ပြင်ဆင်မှုတွေ၊ ပြန်လည်နေရာချထားမယ့်နေရာတွေမှာ   အသက် မွေးဝမ်းကျောင်းကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့   အခြေခံလိုအပ်ချက်တွေအတွက်  ကြိုတင် ပြင်ဆင်မှုတွေကို      လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ လုပ်ငန်းကော်မတီတွေ၊ ဝန်ကြီးဌာန တွေအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နေပါတယ်။
ဒါကြောင့်   နေရပ်စွန့်ခွာသူများ   ပြန်လည် လက်ခံရေးနဲ့ စိစစ်ရေးလုပ်ငန်းစဉ်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအပါအဝင်   ပြည်ပနိုင်ငံအချို့က  စိုးရိမ် ပူပန်နေသလိုမျိုး ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ဆက်နွှယ်ခြင်းမရှိဘဲ  မြန်မာဘက်အနေနဲ့  စိစစ် လက်ခံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေကို  နှစ်နိုင်ငံ  သဘောတူညီချက် တွေ၊ ပြည်တွင်းဥပဒေတွေနဲ့အညီ ဆောင်ရွက်လျက် ရှိတယ်ဆိုတာကို အသိပေးလိုပါတယ်။
ဒါ့အပြင်    နေရပ်စွန့်ခွာသူများ   ပြန်လည် လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီး    လူအများကို ထင်ယောင်ထင်မှားဖြစ်စေဖို့၊ နိုင်ငံရေးအမြတ်ထုတ် ဖို့အတွက် ပြည်ပမီဒီယာအချို့အပါအဝင် နိုင်ငံအချို့၊ ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူအချို့က မှန်ကန် မှုမရှိတဲ့    အချက်အလက်တွေအပေါ်  အခြေခံပြီး ဖော်ပြရေးသားနေမှုတွေကို သတိပြုချင့်ချိန်စေလို ကြောင်း ပြောကြားလိုပါတယ်။

နောက်ထပ်   ဖြည့်စွက်ပြောကြားလိုတာက တော့ ကော့စ်ဘဇားဒုက္ခသည်စခန်းများမှာ နေရပ် စွန့်ခွာသူ ၁ ဒသမ ၁ သန်းကျော် နေထိုင်လျက်ရှိ တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင်       နိုင်ငံ တကာက ပြောဆိုဖော်ပြနေကြကာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူအရေအတွက်ကို ချဲ့ကားနေကြတဲ့ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘက်က တာဝန်ရှိသူတွေအနေနဲ့ နှစ်စဉ်မြေပြင်မှာ ကွင်းဆင်းစိစစ်ကောက်ယူထားတဲ့ အိမ်ထောင်စု စာရင်းအရ  ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသူအရေ အတွက်ဟာ ငါးသိန်းကျော်ရှိပါတယ်။ ဒါ့အပြင် ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံအကြား ဆောင်ရွက်ခဲ့တဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ ပြန်လည် လက်ခံဖို့ ကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ၂၀၀၅ ခုနှစ်  နောက်ပိုင်းမှ  စတင်၍ ပြန်လည်ဝင်ရောက်လာမှု မရှိတဲ့အရေအတွက် ဟာလည်း နှစ်ဖက်အထောက်အထားများအရ ၆၃၆၅ ဦးသာရှိပါတယ်။ ဒါ့ကြောင့် နေရပ်စွန့်ခွာ သူဦးရေကို ချဲ့ကားဖော်ပြနေတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း နေရပ်စွန့်ခွာသူများကိုသာ နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ ပြန်လည်စိစစ် လက်ခံသွားမှာဖြစ်ပြီး ထပ်တိုးကလေးမွေးဖွားမှုတွေ ကိုလည်း လက်ခံရေးမူ (၅) ချက်နဲ့အညီ စိစစ်ပြီး ကိုက်ညီမှုရှိသူများကိုသာ လက်ခံသွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။
အချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဖြေရှင်းဆောင် ရွက်သွားရမယ့်ကိစ္စရပ်သာဖြစ်တဲ့အတွက် မြန်မာ နိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်း ပီသစွာ ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။