ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

နေပြည်တော်  ဇူလိုင်  ၇

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ  ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏  စီစဉ်ကြီးကြပ်မှုဖြင့်  ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV WERU PACK KHA (ဝိရူပက္ခ)  ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်  အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Center) တို့မှ  ပေးပို့သည့်   ဆန်အိတ်  ၃၃၄၀၀၊  စားအုန်းဆီ ပိဿာ ၅၀၀ ၊ ရေငါးဂါလန်ဆံ့ပုံး  ၆၀၀၀၊  တာပေါ်လင်  ၁၀  ပါကင်၊  ခြင်ထောင်အလုံး ၈၅၀၀၊ မီးဖိုချောင်သုံးပစ္စည်း  ၉၀၂  စုံ၊ ရွက်ဖျင်တဲမျိုးစုံ ၄၀၉၈ ခုနှင့် ပျိုးပင် ၁၃၃၀၂၆  ပင်  ပါဝင်သော    ကူညီကယ်ဆယ်ရေးပစ္စည်း  ၁၉၁၁ ဒသမ ၀၃ တန် တင်ဆောင်၍ ဇူလိုင် ၇ ရက် ညနေ ၄ နာရီတွင် The Myanmar Terminal (TMT)  ဆိပ်ခံတံတားမှ   စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။                         

သတင်းစဉ်