ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်

နေပြည်တော် စက်တင်ဘာ ၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရတနာပန်းတောင်းရေယာဉ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ မှပေးပို့သည့် သစ် (၁၆၅၃ ဒသမ ၇၄) တန်၊ ၉ မီတာ ကွန်ကရစ်မီးတိုင် (၂၉၄) တိုင်၊ ကျန်းမာ ရေးသုံးပစ္စည်း(၆)တန်၊  တိရစ္တာန်မွေးမြူရေးနှင့် ကုသရေးပစ္စည်းများ အပါအဝင် စုစုပေါင်း (၁၈၃၉ ဒသမ ၄၃) တန်ကိုလည်းကောင်း၊ စိန်မင်းသားရေယာဉ်သည် United Nations Office for the Coordination of Humanitarian Affairs (UNOCHA) မှ ပေးပို့သည့် ဆန် ၂၄ ပြည်ဝင် (၂၀၀၅၄) အိတ် စုစုပေါင်း (၁၀၀၂ ဒသမ ၆၆) တန်ကို လည်းကောင်း တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်းစဉ်