ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

နေပြည်တော် မေ    ၇   

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေးသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ပရိဘောဂများနှင့် ထင်းအစားထိုးလောင်စာများ အပါအဝင် စုစုပေါင်းတန်ချိန် (၁,၅၀၄ ဒသမ ၄၃) ကို ကုန်တင်ရေယာဉ်ဖြင့် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များ အပါအဝင် ရေယာဉ်(၄၆) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း(၆၇,၇၄ ၁ဒသမ ၉၂)တန်နှင့် ဒီဇယ် (၂၄၉,၇၆၂)ဂါလံ၊ Octane 92(၁၉၉,၈၈၆)ဂါလံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)