ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အာဆီယံ အတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ          

စစ်တွေ ၂၆   မေ   

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် အာဆီယံအတွင်းရေးမှူးရေးမှူးချုပ် Dato Lim Jock Hoi ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ မြန်မာနိုင်ငံ၏ နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေးုလုပ်ငန်းစဉ်၌ အာဆီယံအနေဖြင့်ပံ့ပိုးကူညီရန် သဘောတူ ညီချက်အရ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းများတွင် ပြန်လည် လက်ခံရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကနဦးဆန်းစစ်လေ့လာမှုများကို ၂၀၁၉ ခုနှစ် မတ်လအတွင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဆောင်ရွက်မှုတွင်တွေ့ရှိဖော်ထုတ်ခဲ့သည့် အားသာချက်နှင့် ထပ်မံအားဖြည့်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် အာဆီယံအသိုက်အဝန်းတို့ပူးပေါင်း၍ အာဆီယံစိတ်ဓာတ်ဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊  ပြီးပြည့်စုံသောလိုအပ်ချက် ဆန်းစစ်လေ့လာမှုများဆောင် ရွက်နိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများအားလုံးအတွက် အလျင် အမြန်အကျိုးရှိနိုင်မည့်ရလဒ်ပေါ်နိုင်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်နှင့်အဖွဲ့သည် အာဆီယံပူးပေါင်းဆောင် ရွက်မှုအနေဖြင့်အင်ဒိုနီးရှားနိုင်ငံမှလှူဒါန်းသည့် လှမချေကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းကို ကြည့်ရှုပြီး ကျောင်းခန်းမ၌ ဒေသခံကျေးရွာသား ကျောင်းသားမိဘများ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

 

(သတင်းစဉ်)

 

DSC_71