ရမည်းသင်းခရိုင်၌ ဖန်စီအလှပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ရမည်းသင်း ၃ သြဂုတ်

 

အမျိုးသမီးများအတွက် အိမ်တွင်းသက်မွေးမှု တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကြီးမှုး၍ ဖန်ဆီအလှပြုလုပ်နည်းသင်တန်းကို သြဂုတ်လ (၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလှလှဌေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြ ဒေါ်သီတာအေးက ဖန်ဆီအလှပြုလုပ်ရာတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို အသေးစိတ်ရှင်းလင်းပြသခဲ့သည်။

 

သင်တန်းတွင် ဖဲကြိုး၊ ဖဲပွင့်၊ ကလစ်၊ ခေါင်းစီးကွင်း စသည့်ဖန်စီပစ္စည်းများ ပြုလုပ်နည်းအဆင့်ဆင့်ကို သင်ကြားပို့ချသွားမှာဖြစ်ပြီး ဖန်ဆီအလှပြုလုပ်နည်းသင်တန်းသို့ ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ( ၃၀ )ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

 

နေလင်းအောင်(ပြန်/ဆက်)