ရမည်းသင်း ဇွန် ၁၀

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းမြို့နယ် ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်းကို ဇွန် ၈ ရက်က ရမည်းသင်းမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးသည်။

 

ကြည့်ရှုအားပေး

 

ထိုသို့ ဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းခရိုင်ဦးစီးမှူး ဦးစိုးမြင့် နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ကိုဇော်(ရမည်းသင်း)