ရမည်းသင်းမြို့နယ်၌ ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား အရေးယူ

နေပြည်တော် ၃  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်၌ ရမည်းသင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မြို့မရပ်ကွက်နေ ဘဲလေး(၂၀)နှစ်ပါ ၂ ဦးအား ညမထွက်ရ ဒေသန္တရ အမိန့်ဖောက်ဖျက်လျက်သွားလာနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာ မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)