ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော် ဖမ်းဆီးရမိ

 

နေပြည်တော်    ဧပြီ    ၂၀

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီ လိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁  ဘီလီယံကျော်တန်ဖိုးရှိ        စိတ် ပြောင်းဆေးဝါး(Happy Water) ၁၀    ကီလိုကျော်    ဖမ်းဆီးရမိခဲ့ ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး       တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဧပြီ ၁၉ ရက် ည ၉ နာရီခွဲတွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီ လိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်  မြို့ရှောင်လမ်းတွင် စိုင်းအောင်ဆာ မောင်းနှင်ပြီး စိုင်းပုခမ်း လိုက်ပါ လာသည့် Crown မော်တော်ယာဉ် ကို   သတင်းအရရှာဖွေရာ    ယာဉ် ပေါ်မှ   ပလတ်စတစ်အိတ်   ၂၉၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၁ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး    (Happy  Water) ၁၀ ဒသမ ဝ၃ ကီလို   သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ   အရေးယူ ထားရှိပြီး        ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို     ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ  မူးယစ် ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိရေး     အရှိန်အဟုန်မြှင့်       ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်