ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဩဂုတ် ၇

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မန္တလေး - လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် ၇၉/၄ အနီး၌ မသင်္ကာဖွယ် ရပ်တန့်ထားသော ဆီဘောက်ဆာယာဉ်ကို တွေ့ရှိသဖြင့် လျှို့ဝှက်စောင့်ကြည့်နေစဉ် ဩဂုတ် ၄ ရက် ညနေ ၃ နာရီခွဲတွင် ရပ်တန့်ထားသည့်နေရာမှ ကျောက်မဲဘက်သို့ မောင်းနှင်သွားသဖြင့် ဂုတ်တွင်းတံတားထိပ်တွင် တားဆီးရှာဖွေခဲ့ရာ မင်းဇော်ဦးနှင့် ချမ်းမြေ့ဇော်တို့အား မသင်္ကာ ဆီဘောက်ဆာယာဉ်ဖြင့်လည်းကောင်း၊ အောင်အောင်အား မော်တော်ဆိုင်ကယ်ဖြင့်လည်းကောင်း တွေ့ရှိရပြီး ဆီဘောက်ဆာယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၂၂၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်