ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို ဖမ်းဆီးရမိ

နေပြည်တော်  ဇွန် ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၈ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာ အနီးတွင် TOYOTA WISH ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ အိုက်ဆန်း(ခ)အိုက်ပေါင်း သယ်ဆောင်လာသည့် ပလတ်စတစ်ပုံးအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး များသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ခင်ခင်ဦး(ခ)စီစီနှင့် အိုက်ဆန်း(ခ)အိုက်ပေါင်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)