ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၇ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မတ် ၃ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် သတင်းအရ NISSAN X-TRAIL ယာဉ်ကို စစ်ဆေးရာ စိုင်းစမ်လှိုင်း(ခ)အိုက်အွမ်နှင့် မသက်ထက်ထားနိုင် တို့ သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water ၇ ဒဿမ ၇၆၅ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီခွဲတွင် ကွင်းဆက်တရားခံ မအိအိဖြိုး(ခ)ရှုမဝ ကို ၎င်းငှားရမ်းနေထိုင်သည့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ နယ်မြေ(၄)၊ လမ်းသွယ်(၃) နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီအမှုန့် ၂၀၀ ဂရမ်၊ ကတ်တမင်း ၆၀၉ ဂရမ်၊ Erimin-5 ဆေးပြား ၄၉၀ ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၈၈၁၇ ဒဿမ ၇၆၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်