ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၆,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး(Happy Water) ၅ ဒသမ ၉ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၆,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး(Happy Water) ၅ ဒသမ ၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် ညနေ ၆ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ စိုင်းဝန်းကျောက် မောင်းနှင်လာသည့် TOYOTA REVO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာ လတန်ဖိုးငွေကျပ်သိန်း ၆,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး(Happy Water) ၅ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေး (Happy Water) များကို တာချီလိတ်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များကို ဖြန့်ဖြူး ရောင်းချ ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်