ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျိုင်းတုံ ဇွန် ၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက်ရှိသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၁၀၈၇ ဦးရှိကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၉၀၃ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)