ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ငွေကျပ်သိန်း ၂,၉၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ငွေကျပ်သိန်း ၂,၉၅၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စိုင်းလီ(ခ)ဆိုင်းလီ မောင်းနှင်ပြီး ဂန်ဖန်(ခ)မာဘရန် လိုက်ပါလာသည့် WISH မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၉၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၀ နာရီတွင် လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်း ပါဝင်သူ မဆိုင်းခေါန် နှင့် မမာခေါန် တို့ ၂ ဦးကို ဆိုင်ကယ် ၁ စီး၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသော မြန်မာငွေကျပ် ၃၆၅ သိန်းတို့နှင့် အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၄ ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်