ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်း ၃,၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်  ၃၅ ဒသမ ၉၅ တန် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၃၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်း ၃,၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်  ၃၅ ဒသမ ၉၅ တန် ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၇ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ချောင်းဆာကျေးရွာ၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် မူဆယ်မှ လားရှိုးဘက်သို့ အောင်ကိုမင်း မောင်းနှင်ပြီး ဟိန်းမင်းဇော် လိုက်ပါလာသည့် NISSAN ၂၂ ဘီးတွဲကား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃,၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၃၅ ဒသမ ၉၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အမိုနီယမ်နိုက်ထရိတ်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)