ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၆,၀၀၀ ကျော်တန်ဖိုးရှိ  ဘိန်းဖြူ ဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၆,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ရေပူအမြဲတမ်း စစ်ဆေး ရေးစခန်း၌ လားရှိုးမှ မူဆယ်ဘက်သို့ ဟောင်းလွမ်း မောင်းနှင်ပြီး ဇော်ဂရောင် လိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၆,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဘိန်းဖြူ ဘလောက်တုံးမျာ းသယ်ဆောင်ရာ၌ပူးပေါင်းပါဝင်သူ ရန်ကျုံးပြုံး(ခ) အောင်ကျော်မိုး ကို ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)