ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆,၂၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆,၂၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီ ကျေးရွာအနီးတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ မင်းမင်း(ခ)မျိုးကျော်သူဝင်း မောင်းနှင်ပြီး မသီတာလင်းနှင့် နိုင်လင်း တို့လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကိုသတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆,၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ရှိုင်းမြတ်သူ(ခ)စိုင်းအွမ်နှင့် စိုင်းဝေမိုးအောင်(ခ)စိုင်းလုံတို့အား AD VAN မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)