ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံအား ကြည့်ရှုစစ်ဆေး

ရပ်စောက်     ဧပြီ     ၆

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုနှင့်  တာဝန်ရှိသူများသည်   ယနေ့နံနက် ၉  နာရီခွဲက  တောင်ကြီးခရိုင်  ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံကို     သွားရောက် ကြည့်ရှုစစ်ဆေး၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍  ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ဇော်အေးက ပေးအပ်ရာ ဆေးရုံ ဆရာဝန်  ဒေါက်တာစန်းယုကိုကိုက  လက်ခံရယူသည်။

 

ဆက်လက်၍   ရပ်စောက်မြို့  မြို့မဈေးတွင် ဒေသခံပြည်သူများ စည်ကားစွာရောင်းဝယ်နေမှုကို ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့များက လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရပ်စောက်မြို့ ရဿဝတီခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)က ဒေသဆိုင်ရာ  အချက်အလက်များ ရှင်းလင်းတင်ပြပြီး ရပ်မိ၊  ရပ်ဖ၊  ဒေသခံပြည်သူများနှင့်   ဌာနဆိုင်ရာများက  ဒေသလိုအပ်ချက်များ တင်ပြကြရာ  ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များ အပေါ် လုပ်ငန်းကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်အတွင်းရှိ ပိန်းချောင်းဆည် ရေထုတ်ပြွန်တည်ဆောက်နေမှု၊ ရေကျော်(Spillway)မြှင့်တင်နေမှုနှင့် ကန်ပေါင်ကျောက်ကြီးစီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ် ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍  ရပ်စောက်မြို့  ပွင့်ကောင်းနှင့် ခင်နွဲ့ရီကုမ္ပဏီလီမိတက်မှ စိုက်ပျိုးထားသော ကော်ဖီ ခြံအား သွားရောက်ကြည့်ရှုရာ ခြံတာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်ဖီခြံအား လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)