ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး မေ ၂

 

၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေ ၂၃ ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ဆုချီးမြှင့်ပွဲတွင် ဗိုလ်လုပွဲအဖြစ် တောင်ကြီးအသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းကျောင်းမှ သူနာပြုဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရဗိုလ်စွဲသည်။
 

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ဆရရှိသည့် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

မောင်မောင်သန်း(တောင်ကြီး)