ရှမ်းရွာသစ်မြို့၌ အသက် (၁၈) နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းရွာသစ် စက်တင်ဘာ ၂၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချစေရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

mdn

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာများမှ  ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ဒေသနေ ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းပေးခြင်း၊ ရောဂါအခံရှိ/မရှိ မေးမြန်းခြင်း၊ သွေးအတွင်းအောက်စီဂျင် ပါဝင်မှု ပမာဏတိုင်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် (၁၅) မိနစ်ခန့် အနားယူစေခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)