ရှမ်းရွာသစ်မြို့၌ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း စတင်အကောင်အထည်ဖော်

ရှမ်းရွာသစ် မေ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းကို  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၆၉ ဒသမ ၆ သန်းဖြင့် (34.2)km နှင့်(34.4)km ကြားရှိ ပြိုကျသွားသော တံတားချဉ်းကပ်လမ်း အရှည် ၆၁ မီတာနှင့် အမြင့် ၃ ဒသမ ၆၆ မီတာရှိ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းကိုလည်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၆၉ ဒသမ ၆ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက တောင်ကျရေ တိုက်စားမှုအန္တရာယ်မှ ကင်းဝေးပြီး လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)