ရှင်ဗွေယန် မတ် ၁၆

 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာ ရပ်နှင့် သမိုင်းဘာသာရပ်တို့အား ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့ရှိ စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

 

ရှင်ဗွေယန်မြို့ စာစစ်ဌာန၌ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာ ရပ်များကို အခြေခံပညာအထက်တန်းကျောင်း (ရှင်ဗွေယန်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)-တရုံတို့မှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုရန်စာရင်းရှိ စုစုပေါင်း ၁၅၂ ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၄၇ ဦး ပျက်ကွက်သူငါးဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိသည်။

 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရန် ရှင်ဗွေယန် မြို့ရှိ သက်‌ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူများအား အလှူရှင်များက အာဟာရမုန့်များနှင့် ဖျော်ရည်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

ရှင်ဗွေယန်(ပြန်/ဆက်)