ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၁၅) ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်    ဇွန်    ၂

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme    (KSP) သောကြာနေ့စကားဝိုင်း  (Friday Talk) ၏ အမှတ်စဉ်(၁၅) ဆွေးနွေး ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိ များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က Knowledge Sharing Progra-mme (KSP) အသိပညာမျှဝေခြင်းကြောင့်  တစ်ဦးသိရှိထားသည့် အကြောင်းအရာများကို အများစုကို မျှဝေရခြင်း ဖြစ်သည့်အတွက် အများသိစေခြင်း၊ အထူးသဖြင့် ဘာသာရပ်ဆိုင်ရာခေါင်းစဉ်များကို မျှဝေပေးခြင်း ကြောင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အမှားနည်းခြင်းဖြင့် အပေါင်းလက္ခဏာ ဆောင်သည့်အတွက် (Capicity) ကောင်းအောင်၊ ဝန်ထမ်းတစ်ဦးစီ ၏ အရည်အချင်း   တိုးတက်လာမည်ဖြစ်သည့်အတွက် လုပ်နိုင်ကိုင်နိုင်စွမ်း၊ လုပ်တတ်ကိုင်တတ်လာအောင် ဖြည့်ဆည်း ပေးခြင်း စသည့် ရည်ရွယ်ချက်ဖြင့် Knowledge Sharing Progra-mme (KSP) အသိပညာမျှဝေ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမည့်ခေါင်းစဉ်၌ အခြေခံဖြစ်သည့် အာဆီယံ ၁၀ နိုင်ငံ    ဖွဲ့စည်းဖြစ်ပေါ်မှုနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ မတူကွဲပြားမှု   အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေး က “အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  ဥပဒေများကို လေ့လာတင်ပြခြင်း”  ခေါင်းစဉ်ဖြင့်       အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာ ကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်