ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အသစ်နှစ်ဉီးမှာ ပြည်တွင်းကူးစက်မှု မဟုတ်ဟု ဆို

၁၆ စက်တင်ဘာ

 

 

ရှန်ဟိုင်း၌ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကူးစက်ခံခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်ခုသည် ပြည်တွင်း ကူးစက်မှု မဟုတ်ကြောင်း ဒေသန္တရ ကျန်းမာရေး ကော်မရှင်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

 

 

အဆိုပါ ရောဂါ ကူးစက်ခံရသူ  နှစ်ဉီးမှာ  ဩဂုတ်လ ၃၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု မှတစ်ဆင့် ရှန်ဟိုင်းကို ရောက်ရှိလာသူ တစ်ဉီးနှင့်  နောက်တစ်ဉီးမှာ စက်တင်ဘာလ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သူ တစ်ဉီးတို့ဖြစ်သည်။

 

 

၎င်းတို့ကို ရှန်ဟိုင်း ဆေးရုံတွင် သီးခြားထားရှိလျက်ရှိပြီး ဆေးရုံတက်နေစဉ်တွင် ဗိုင်းရပ်စ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

 

၎င်းတို့နှင့် အနီးကပ် အဆက်အသွယ်ရှိသည့် ၄၅ ဉီးကိုလည်း သီးခြားထား၍ စောင့်ကြည်လျက်ရှိသည်ဟု ဆိုသည်။

 

 

ရှန်ဟိုင်းတွင် အင်္ဂါနေ့၌  ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၆၀၈ ဉီးရှိခဲ့ပြီး ဒေသတွင်း ကူးစက်မှု ၃၄၂ ဉီးရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်