ရှန်ကျို့-၁၄ အာကာသယာဉ်မှူးများ ထန်ကျို့-၄ ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်

ပေကျင်း ဇွန် ၇

 

ရှန်ကျို -၁၄ အာကာသယာဉ်မှူး သုံးဦးဖြစ်သည့် ချန်တုန်း၊ ကျိုရန်နှင့် ချိုက်ရွိုကျယ်တို့သည် ပတ်ဝန်းကျင် စမ်းသပ်မှုများ ပြီးဆုံးပြီးနောက် ထန်တော့် - ၄ ကုန်တင် အာကာသယာဉ်အတွင်း သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါ အာကာသအေဂျင်စီ (စီအမ်အက်စ်အေ) က ဇွန် ၆ ရက်တွင် ပြောသည်။

 

တရုတ်၏ အာကာသစခန်း ပင်မ ထိန်းချုပ်ခန်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီးနောက် ရှန်ကျို -၁၄ အာကာသ ယာဉ်မှူးများသည် ထန်ကျို - ၄ ကုန်တင် အာကာသယာဉ် တံခါးကို ဖွင့်နိုင်ခဲ့ပြီး ယာဉ်အတွင်းသို့ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်တွင် ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ။

 

အဆိုပါ အာကာသယာဉ်မှူးများသည် ထန်ရို့ - ၄ ကုန်တင် အာကာသယာဉ် အတွင်းသို့လည်း ဆက်လက် ဝင်ရောက်မည် ဖြစ်ပြီး ကုန်စည်လွှဲပြောင်းခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရှန်ကျို - ၁၄ အာကာသ ယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချီးရှန်းဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှူးများသည် ပတ်လမ်းထဲတွင် ခြောက်လကြာ နေထိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ