ရန်ကင်းမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မိ၍ ဒဏ်ရာရရှိမှုဖြစ်ပွား

နေပြည်တော်   ၁     ဖေဖော်ဝါရီ

 
ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ချော်တွင်းကုန်းမီးပွိုင့်ဘက်မှ ပါရမီတံတားဘက်သို့ မောင်ဇော်(စိစစ်ဆဲ) မောင်းနှင်လာသည့် 6E/×××× ကင်တာအဖြူရောင်ယာဉ်သည် မြဉ္စူလမ်းဆုံမီးပွိုင့်တွင် အရှိန်မထိန်းနိုင်ဘဲ မီးနီ၍ရပ်ထားသော 6I/×××× Probox ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့၍ Probox ယာဉ်သည် တိုက်ခံရသည့်အရှိန်ဖြင့် ၎င်းရှေ့တွင်ရပ်ထားသော 3P/×××× ဖော်တွန်ယာဉ်အား ထပ်မံတိုက်မိခဲ့သဖြင့် 6E/×××× ကင်တာအဖြူရောင်ယာဉ်ပေါ်ပါ ဒဂုံမြောက်မြို့နယ်၊ (၄၆) ရပ်ကွက်နေ ကိုသိန်းထွေး(၄၃)နှစ်ပါ (၇)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သည်။


ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မောင်ဇော်(စိစစ်ဆဲ)အား ရန်ကင်းမြို့မရဲစခန်းမှ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


(ရဲပြန်ကြား)