ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ SURF အမျိုးအစား မော်တော်ယာဉ်တစ်စီး တိမ်းမှောက်

နေပြည်တော်  ၂၅ ဇွန်

 

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၉/၆နှင့် ၁၃၉/၇ ကြားတွင် ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က SURF အမျိုးအစား မော်တော်ယာဉ်တစ်စီး ရှေ့ဝဲဘက်ဘီးပေါက်ပြီး အမြန်လမ်းမကြီးပေါ် တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

 

ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုအောင် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကျား (၂)ဦး၊ မ (၁) ဦးလိုက်ပါလာသည့် ယာဉ်အမှတ် 1I/---/ SURF ခဲရောင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၃၉/၆နှင့် ၁၃၉/၇ ကြားအရောက်တွင် ရှေ့ဝဲဘက်ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုအောင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ လှိုင်မင်းစိုးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ ထွန်းမင်းဝင်းတွင် နဖူးပေါက်ပြဲဒဏ်ရာ၊ မသက်သက်အောင်တွင် ဝဲလက်ကျိုးဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့်​ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ​ထောက်အကူပြု အဖွဲ့များက တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

 

MDN