ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကားဘီးပေါက်၍ ယာဉ်များတိမ်းမှောက်

နေပြည်တော် ၁၆ ဧပြီ

 


 

aa

 


ယနေ့နံနက် ၆ နာရီခန့်က နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၇၅/၃ - ၇၅/၄ အကြားတွင် ယာဉ်မောင်း ဝဏ္ဏမျိုး (၁၈)နှစ် ရွာသစ်ကြီးရွာ စစ်ကိုင်းမြို့နေသူ မောင်းနှင်သော MDY 2M/9--- ဟွန်ဒိုင်း Bongo ယာဉ်သည် ယာဉ်၏ နောက်ယာဘက်ဘီးပေါက်ကာ ယာဉ်တစ်ပတ်လည် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား (၆)ဦး၊ အမျိုးသမီး (၅)ဦးအနက် အမျိုးသား (၄)ဦး၊ အမျိုးသမီး (၃)ဦး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုန်ရှစ်ကုန်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

 


 

d

 


အလားတူ ဧပြီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်က  နေပြည်တော်-မန္တလေး လမ်းပိုင်း မိုင်တိုင် ၂၂၉ ၃ - ၂၂၉/၄ ကြားတွင် ယာဉ်မောင်း ကိုအောင်ဇေယျာဝင်း (၃၈)နှစ် ပန်းပဲတန်းမြို့နေသူ မောင်းနှင်လာသည့် YGN 9G 2--- probox ခဲရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး မြေသားလမ်းပေါ်ရောက်ရှိ လမ်းဘေးသံဇကာခြံစည်းရိုး ဝင်တိုက်ကာ တစ်ပတ်လည် တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးအနက် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပန်းတင်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 


 

d

 


MDN