ရန်ကုန်-မန္တလေး ကားလမ်းဟောင်းလမ်းမပေါ်၌ ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

ကျောက်တံခါး  ၁၉   မတ်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာအုပ်စု ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃/၃  နှင့် ၄ အကြား ဌာနာရပ်ကွက်၌ မတ်လ ၁၈ ရက် ညနေပိုင်းက ၆ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

 

777

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းသီဟကို  ၂၃နှစ် ကုလားကုန်းရွာ တောင်ငူမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် BGO-3G/----အပြာရောင်၆ဘဘီး ယာဉ်မှာ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်း လမ်းမပေါ်သို့ ထိုးကျတိမ်းမှောဲက်ခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာမရရှိသော်လည်း ယာဉ်မှာ အနည်းငယ် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောကျွဲအင်းနယ်မြေရဲစခန်းမှ ယာဉ်မောင်း သီဟကိုအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ခင်ကို(ကျောက်တံခါး)