ရန်ကုန်-နေပြည်တော်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ဒဏ်ရာရသူမရှိ

နေပြည်တော်  ၁၁  ဧပြီ

 

ရန်ကုန်-နေပြည်တော်လမ်းမိုင်တိုင်အမှတ် ၉၁/၆- ၉၁/၇ အကြားတွင် ယနေ့နံနက် ၅ နာရီက ယာဉ်မောင်း ကိုအောင်မျိုးထွန်း မောင်းနှင်လာသည့် YGN 9F-6--- Honda အဖြူရောင်ယာဉ်အား နောက်မှလာရာတူ ကိုသူရထက်အောင် မောင်းနှင်လာသည့် YGN 4P/9---SUZUKI အဖြူရောင်ယာဉ်မှ နောက်မှကျော်တက်မောင်းနှင်စဉ် Honda ယာဉ် နောက်ပိုင်းအားဝင်ရောက် တိုက်မိရပ်တန့်သွားသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မြို့ချောင်းစခန်း တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုတွင် ယာဉ်(၂)စီးပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

MDN